Friday, July 6, 2012

အဦးသီးသောအသီးပေးလှူခြင်း၊ - ဆရာတော်ဦးပါနီမောင်

၂၀၁၁ ခုနှစ်ဘန်ကောက်သို့ ကျွန်ုပ်ရောက်ခဲ့စဉ်က၊ ဆရာဦးပါနီမောင်၏၊ ကရာနီနှစ်ခြင်းအသင်းတော်တွင်၊ ပါဝင်ဝတ်ပြုခွင့် ရခဲ့ပါသည်။အခွင့်ကြုံသောကြောင့်၊ဖခင်များနေ့ ဓမ္မဒေသနာလဲဝေမျှခွင့်ရခဲ့ပါသည်။ ထိုစဉ် က၊ဆရာပါနီ၏၊ အဦးသီးသော အသီးပေးလှူခြင်းအကြောင်းသိခဲ့ရပြီး၊ သူ၏အသင်းတော်တွင်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ၊အောင်မြင်မှုများရှိကြောင်းသိခဲ့ရပါသည်။ အဦးသီးပေးလှူနေသူတို့ ၏ကောင်းကြီးမင်္ဂ လါ ခံစားရေကြောင်း သက်သေခံချက်များလဲကြားခဲ့ရပါသည်။ ထို့ အတွက်ကြောင့်၊ အခွင့်ကြုံ၍ဆန်ဖရန်စစ္စ ကိုရောက်ခဲ့လျှင်၊ထိုပေးလှူခြင်းအကြောင်းကိုကျွန်ုပ်တို့ အသင်းတော်တွင်လဲဝေမျှပေးရန်၊ဆရာပါနီကို မေတ္တာ ရပ်ခံခဲ့ပါသည်။ ဘုရားရှင်၏ကျေးဇူးတော်ကြောင့်၊ ၂၀၁၂ ခုနှစ်၊ဇွန်လတွင်ဆရာပါနီမောင်၊ ဆန်ဖရန်စစ္စကို သို့ ရောက်ရှိလါ၍၊ ”အဦးသီးသောအသီးပေးလှူခြင်း” အကြောင်းကိုဝေမျှဟောပြောခဲ့ပါသည်။ ဆရာ၏ဝေ မျှချက်များကိုထပ်ဆင့်ဝေမျှလိုက်ပါသည်။